Root Xiaomi Mi4i or Xiaomi Device

Xiaomi ကို root ဖောက်တဲ့နည်းအကြောင်းကိုကတော့ Twrp လို့ခေါ်တဲ့ Custom Recovery ကနေပြီးတော့ Flash file ကို Flash လုပ်တဲ့နည်းပေါ့ တစ်ခြားတော့မဟုတ် တော်တော်များများ Flash လိုက်လို့ပြောနေပေမယ့် Custom Recovery မှာပါတဲ့ Option တစ်ခုအရ Install Zip File လုပ်တာကို Flash လုပ်တယ်လို့ခေါ်တာပေါ့ဗျာ

အရင်ဆုံး ကျွန်တော့ဖုန်းအတွက်ကတော့ လိုအပ်တာတွေကတော့ twrp, adb, fastboot တို့ပေါ့ တစ်ခြားလူတွေကတော့ King Root တို့ vRoot တို့သုံးကြတယ် ကျွန်တော်ကလဲ ကျွန်တော့ဖုန်းကိုဘယ်တော့မှ အဲဒီလို Tool တွေနဲ့မဖောက်တတ်ဘူးဗျ။ အိုကေ အရင်ဆုံးလိုအပ်တဲ့

 

Requirement

x1 : ADB & Fastboot Driver | ADB & Fastboot Tool

x2 : twrp

x3 : SuperSu

 

လိုအပ်တာတွေရသွားရင်တော့ တကယ်က Adb တောင်မလိုသလောက်ပါပဲ ဒါပေမယ့် ရှိနေတော့လဲ ပိုပိုလိုလိုပေါ့ အိုကေ အကုန်လိုအပ်တာတွေကို Download လုပ်ပြီးသွားပြီဆိုရင်တော့ SuperSu Zip File လေးကို ဖုန်းထဲကို ကူးထည့်လိုက်ပါ ပြန်မှတ်မိနိုင်တဲ့နေရာတစ်ခုခုကိုပေါ့ အဲဒီအဆင့်ထိပြီးသွားပြီဆိုရင်တော့ ဖုန်းကိုဒီတိုင်းထားပြီး Fastboot driver ကိုသွင်းလိုက်ပါ ပြီးရင်တော့ Tool ကို Download လုပ်ပေါ့ဗျာ နေရာကိုတော့ ကြိုက်တဲ့နေရာမှာထားလို့ရပေမယ့် ကျွန်တော်ကတော့ C: Drive မှာသိမ်းထားလိုက်ပါတယ် 😀 Ok ပြီးသွားရင်တော့ Down လို့ရလာတဲ့ adb zip file ကိုဖြည်ပြီး cwm or twrp file ကို adb folder ထဲကို ကူးထည့်ပေးလိုက်ပါ Files တွေကတော့ adb.exe, AdbWinApi.dll, AdbWinUsbApi.dll, fastboot.exe, cwm.img, twrp.img ဆိုပြီးတော့ File ၆ ခုကိုတွေ့ရပါလိမ့်မယ် cwm တစ်ခုထဲထည့်ထားရင်တော့ ၅ ခုပေါ့ဗျာ adb folder ထဲမှာပဲ Shift Key နဲ့ Right Click နှိပ်လိုက်ရင်တော့ “Open Command window Here” ဆိုတာလေးကို တွေ့ရပါလိမ့်မယ် အဲဒါကို အိပ်ပြီးတော့ စောင့်နေလိုက်ပါ ပြီးသွားရင်တော့ ဖုန်းကို Power ပိတ်လိုက်ပြီးတော့ Power Key နဲ့ Vol Down ကို ၃ စက္ကန့်လောက်ဖိထားလိုက်ပါ ဒါဆိုရင်တော့ Android ပုံလေးတွေ့ရတော့မှာပေါ့နော် 😀 Fastboot ဆိုတဲ့ Logo လေးလဲပေါ်လာပြီဆိုရင်တော့ Command Prompt မှာ

 

fastboot devices

ဆိုပြီးတော့ Device သိမသိကို အရင်စစ်ကြည့်ပေးပါ Device မှာ တက်မလာရင်တော့ Driver ပြန်သွင်းပေးရမှာပေါ့ Device ပေါ်နေတယ်ဆိုရင်တော့

fastboot boot twrp.img

ဆိုပြီးရိုက်ပေးလိုက်ရင်တော့ Restart ချပြီးပြန်တက်လာတဲ့တစ်ကြိမ်က Twrp Recovery နဲ့ဖြစ်နေပါလိမ့်မယ် အကယ်လို့သာ custom recovery ကိုအမြဲထားချင်တယ်ဆိုရင်တော့

fastboot flash twrp.img

ဆိုသည့် Command Line နဲ့လုပ်ရင် အဆင်ပြေပါတယ် အိုကေ ရသွားပြီဆိုရင်တော့ ရှေ့ဆက်ကြတာပေါ့ဗျာ

Fastboot Command
အိုကေ ဒါပြီးသွားရင်တော့ Phone က Vibrate တစ်ချက်ဖြစ်သွားပြီးတော့ Twrp အနေနဲ့ပြန်တက်လာပါလိမ့်မယ်

TWRP Home
ပြီးသွားရင်တော့ Install ကိုနှိပ်ပြီးတော့ File Patch ကိုရွေးပေးရပါမယ် SuperSu ဆိုတဲ့ Zip File တွေ့ရင်တော့ အိပ်ပေးလိုက်ပါ Installation လုပ်သွားပါလိမ့်မယ် Reboot System ကိုနှိပ်လိုက်မယ်ဆိုရင်တော့ Install as a System App ဆိုတာကို Check လုပ်ပေးခဲ့ Swipe to Install TWRP App ကို Swipe လုပ်ပေးလိုက်ရင်တော့ Vibrate နောက်တစ်ချက်နဲ့အတူ ဖုန်းကပြန်တက်လာရင်တော့ SuperSu ကိုတွေ့ရပြီပေါ့ဗျာ 😀

App ကိုဖွင့်ပြီးတော့ Update ပေးလိုက်မယ်ဆိုရင်တော့ အသုံးပြုလို့ရသွားပြီပေါ့ဗျာ 😀

SuperSu Pro
ဒီလောက်ဆိုရင်တော့ နားလည်မယ်တော့ထင်မိတာပါပဲဗျာ အကယ်လို့ နားမလည်ရင်လဲ Comment လဲဖွင့်ပေးထားတာမို့ သေချာပြန်ရှင်းပြပေးပါ့မယ် 😀

Thank Q so much for Reading this ၁၀၀ ဖိုး ၁ ပုဒ် နည်းနည်းတန်ဖိုးရှိတယ် အချိန်ကုန်ခံပြီးတော့ Screenshot ရိုက်ပေးထားရလို့ ခိခိ 😛

Leave a Reply

Your email address will not be published. Required fields are marked *