Right-Click Menu to Open Any Folder on Windows

ဒီရက်ပိုင်းမှာ စိတ်ဝင်စားနေတာကတော့ registry အပိုင်းကိုပဲ။ စိတ်ဝင်စားဆိုရင် Atom သွင်းလိုက်တာ icon blank ဖြစ်ပြီးတော့ Application ကို Right Click Menu ကနေပြီးတော့ နှိပ်လို့မရဘူး Error ပဲတက်လာတော့ ပြင်ရမယ်ဆိုပြီးရှာရှင်းနဲ့စိတ်ဝင်စားသွားတယ်ပေါ့လေ :3 အဲဒါနဲ့ပဲ ပြင်ပြီးသွားတော့ နောက်ထပ် စိတ်ဝင်စားသွားတာကတော့ Right Click ထဲမှာ Folder ကော ထည့်လို့မရဘူးလားဆိုပြီးတော့ Googling လုပ်တော့တာပေါ့ :3 လုပ်တော့လဲ မကြာဘူး တွေ့သွားတယ်ပေါ့။ တွေ့သွားဆို Note တစ်ခုအနေနဲ့ ပြန်မှတ်လို့ရအောင်လဲ သိမ်းထားပါမယ်လေဆိုတဲ့ စိတ်ကူးနဲ့ ဘယ်သူမှမဖတ်တောင် တစ်ချိန်ကိုယ်ပြန်ကြည့်လို့ရတယ်ဆိုတဲ့အတွေးနဲ့ ရေးလိုက်ပါဒယ် :3

အရင်ဆုံးလုပ်ရမှာကတော့ Win + R ( Window Key + R ) လေးကိုနှိပ်ပြီး regedit ဆိုပြီးရိုက်ပေးလိုက်ပါ။ ပွင့်လာတဲ့ Registry Editor ကနေပြီးတော့ အောက်က Patch လေးအတိုင်းသွားလိုက်ပါ

[code lang=”bash”]Computer\HKEY_CLASSES_ROOT\Directory\Background\shell[/code]

Registry Editor

ရောက်သွားပြီဆိုရင်တော့ shell ကို Right Click လုပ်ပြီး New မှာ Key ကိုနှိပ်ပေးလိုက်ပါ။ ကျွန်တော်ကတော့ Spotify ! လို့ပေးထားပါတယ်။ အဲဒီနောက်မှာတော့ Key Value တွေကိုထည့်မယ်ပေါ့လေ … ( Default ) ဆိုတာကတော့ Right Click နှိပ်လိုက်ရင် ပေါ်လာမယ့် Value ပါ Spotify ! လို့ပေးထားတာကတော့ Right Click နှိပ်လိုက်ရင် Spotify ! ဆိုပြီးပေါ်လာအောင်လုပ်တာပေါ့။ Icon ဆိုတာကတော့ ပေါ်လာမယ့် ဟာလေးရဲ့ Icon ပေါ့ Value ကိုသာ ထားမထားဘူးဆိုရင်တော့ Blank အနေနဲ့သာပေါ်နေပါလိမ့်မယ်။ Icon ထည့်ဖို့အတွက်ကတော့ Default အောက်လွတ်တဲ့တစ်နေရာမှာ Right Click > New > String Value ကိုပေးလိုက်ရင်တော့ New Value #1 အနေနဲ့ပေါ်လာပါလိမ့်မယ် အဲဒီနေရာမှာ Icon လို့ရိုက်လိုက်ပြီး icon patch ကို ညွှန်းပေးလိုက်မယ်ဆို အဆင်ပြေပါပြီ။ Icon Value ဟာ .exe .ico အနေနဲ့အလုပ်လုပ်တာဖြစ်လို့ .png file ကိုဆိုရင်တော့ ico file အနေနဲ့ ပြောင်းဖို့လိုအပ်ပါတယ်။ အဲဒီနောက်မှာတော့ shell အောက်က Spotify ! ကို Right Click နှိပ်ပြီး Key ကိုထပ်ထည့်ကြတာပေါ့ဗျာ။ ဒီတစ်ခါ Key ကိုတော့ command လို့ပေးပါ့မယ်။ ဆိုလိုချင်တာကတော့ ( Default ) ကိုအလုပ်လုပ်မယ့် String Value ပေါ့လေ။ command ရဲ့ ( Default ) Value မှာတော့ ကိုယ်ထားချင်တဲ့ Folder patch ကိုထည့်ပါ့မယ်။ ( Default ) Right Click လုပ်ပြီး Modify မှာ Value ကိုပြင်နိုင်ပါတယ်။ Value Data : မှာတော့

[code lang=”bash”]explorer.exe C:\
explorer.exe Patch_To_Folder
[/code]

Right Click Context Menu

ဆိုရင် … right click လုပ်တိုင်းမှာ Folder လေးကိုမြင်ရပြီပေါ့ဗျာ။ Explorer ကနေသွားအုံး လုပ်အုံးဆိုရင် အချိန်ပိုကြာနိုင်တာဖြစ်လို့ အခုလေးလုပ်ထားလိုက်တော့လဲ အဆင်ပြေသွားပြီပေါ့ဗျာ :3 ဒီနည်းအတိုင်းဆိုရင် အခြား Application တွေကိုလဲ ထားထားလို့ရပါတယ် Folder မှမဟုတ်ပဲ Mozilla, Chrome, music Player, etc … ဆိုတော့ကာ … ဘာမှ အခက်အခဲမရှိတောဘူးပေါ့။ ရေးထားတာ ဟိုဟာဒီဟာတွေ များပေမယ့် ကိုယ့်ကိုကိုယ် ပြန်ဖတ်တော့လဲ နားလည်တာမလို့ ဒီလောက်ပဲ ရေးတတ်တာမို့။ ဒီလောက်ပဲတော်ပြီ !

Leave a Reply

Your email address will not be published. Required fields are marked *