Linux Command chmod Explanation

Command

ကျွန်တော်တို့ Networking သမားတော်တော်များများအပြင် အခြားသော အလုပ်တွေမှာ Daily Use ဖြစ်တဲ့ Linux လိုအရာတွေမှာ File Permission အကြောင်းတွေထဲကတစ်ခုဖြစ်တဲ့ chmod ဆိုတဲ့အကြောင်းကို ပြောပြမို့ပါ။ Basic Command ထဲကတစ်ခုဖြစ်တော့ သိထားသင့်တဲ့အပြင် မဆိုင်ဘူးထင်ရင်တောင် ဗဟုသုတရအောင်တော့ အရင် Post တွေကို Backup ယူပြီး ပြန်ရေးပေးလိုက်ပါတယ်။ chmod ဆိုတာကတော့ Linux မှာ file/direction တွေကို read / write / execute လုပ်ပေးနိုင်တဲ့ command တစ်ခုပါပဲ။

Why we need to change permissions of a file / directory?

ရှင်းပါတယ်
* script တွေကို execute လုပ်နိုင်ဖို့၊
* program တွေကိုမှန်မှန်ကန်ကန် အလုပ်လုပ်နိုင်ဖို့၊
* File တွေကို လိုအပ်ချက်အရ Edit/Modify ပြလုပ်နိုင်ဖို့၊

How can we change permissions for a file/directory?

နည်းလမ်းနှစ်ခုရှိပါတယ်။ Numerical method ရယ် Alpha method ရယ်ဆိုပြီး။

Numerical method မှာ အခြေခံအားဖြင့် 3 ခုရှိပါမယ်။

4 – read ( r)
2 – write (w)
1 – execute (x)

နည်းနည်း အကျယ်ချဲ့လိုက်ရရင်

7 = 4+2+1 (read/write/execute)
6 = 4+2 (read/write)
5 = 4+1 (read/execute)
4 = 4 (read)
3 = 2+1 (write/execute)
2 = 2 (write)
1 = 1 (execute)

ဥပမာအနေနဲ့ ဖိုင်တစ်ခုကို သက်ဆိုင်ရာ နံပါတ်အလိုက်ခုလို permission ပြောင်းသွားပါမယ်။

chmod 400 mydoc.txt – read by owner
chmod 040 mydoc.txt – read by group
chmod 004 mydoc.txt – read by anybody (other)
chmod 200 mydoc.txt – write by owner
chmod 020 mydoc.txt – write by group
chmod 002 mydoc.txt – write by anybody
chmod 100 mydoc.txt – execute by owner
chmod 010 mydoc.txt – execute by group
chmod 001 mydoc.txt – execute by anybody

Chmod Table

Alpha method ကတော့ Windows နဲ့ဆင်ပါတယ်။ Windows မှာဆို cmd ကနေ rw ဘာညာပေါ့။ Linux မှာဆိုရင်

w — Write
x — eXecute
r -— Read
u — User
g — Group
o –- Others
a — all

  • Add specified permissions to the mention user/group/others/all
  • Remove specified permissions from the mention user/group/others/all
    = replicate the permission to other class of the group/user/others. ဒါဆို အတော်အသင့် သဘောပေါက်သွားမယ်ထင်ပါတယ်။ Alpha method နဲ့ပတ်သက်ပြီး နည်းနည်းရှင်းပြအုံးမယ်။

Example: -rw-r–r–

drwxrwxrwx

ပုံထဲက File Type ကတော့အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ .deb, .rpm ဘာညာပေါ့။ နောက်ကျန်တဲ့သုံးခုကတော့ permission ပိုင်းတွေပါ။ User မှာ permission နဲ့ပတ်သက်ပြီး နှစ်ခုကွဲသွားပါမယ်။ Group, Other (A, B ဆိုကြပါစို့) ဆိုပါတော့။

A=User ထဲကဖိုင်တွေကို Group တွေအလိုက် permission ပေးနိုင်ခြင်း။
B=User ထဲကဖိုင်တွေကို အခြားသော user တွေကို permission ပေးနိုင်ခြင်း။

-rw-r–r– ရဲ့ permission တွေကတော့ အောက်လိုဖြစ်ပါတယ်။

rw – For the owner
r– – For the group where user belongs
r– – For all other users

Numerical method ကိုပြန်သွားပြီး နိဂုံးချုပ်အနေနဲ့ 755 chmod ကိုပြန်ကြည့်လိုက်ရင် ခုလိုဖြစ်မှာပါ။

7 – read, write and execute permissions to user
5 – read and execute permissions to group
5 – read and execute permissions to others

ပေါင်းလိုက်တော့ 755 ပေါ့။ ဒါဆိုရင် ဘာဖြစ်လို့ 755 command ပေးရသလဲဆိုတာ သိလောက်ပါပြီ။

Ref: http://www.linuxnix.com/

Leave a Reply

Your email address will not be published. Required fields are marked *