အင်း

ဟုတ်တော့ ဟုတ်နေပြီဗျ 😀 ကျွန်တော်ဟာ မအားတဲ့ ကြားထဲကနေပြီးတော့ 😛 ဘာမအားလဲတော့မမေးနဲ့ မအားလို့ကိုမအားတာ 😛 အလုပ်ကလဲ ရေရေရာရာ မလုပ် အပျင်းကြီးတာကလဲ နှစ်ယောက်မရှိဆိုတော့ … ဂွတော့ ကျသဗျာ :/ လုပ်လက်စ အလုပ်လေးတွေ ခဏရပ် ငါဟဲ့ ယွပေအုံးမယ်ဆိုပြီး Website ဆို ဝက်ဆိုဒ်ကြီးအသစ်ကို ရေး … အဲ အဲ သိပ်တော့ သဘောမကျသေးသည်မှာ “အလကား” ဟဲ့ဆိုတာနဲ့ ကျွန်တော်ဟာ ရေကို ပါဆယ်အိတ်ဝယ်ပြီး ထုပ်ပိုးချင်မိသူ … ဆိုတော့ကာ … မေမေ့ရဲ့ Government ဆိုဒ်ကိုလဲ ရေးရင်း … အသိ အကိုတစ်ယောက်စီက Hosting ဝယ်ဖြစ်ခဲ့တယ်ပေါ့ဗျာ … ဝယ်ပြီးတော့လဲ ဒီတိုင်းတော့မနေဘူး … အလကား ကိုကိုမောင်ဆိုသည့်အတိုင်း အဆစ်လေးက ထည့်ခိုင်းချင် ( အပြင်မှာဆို သိပ်ရှက်တတ်တာ အသုပ်တွေဘာတွေ ဝယ်ရင်တော့ မရှက်နိုင် ကျွန်တော်က အသုပ်ဆို သိပ်ကြိုက်တတ်တယ်လေ … ) ဆိုတော့ကာ … အကိုရေ Hosting ဝယ်ရင် ဘယ်လောက်လဲ … ၄ သောင်းကျော် ဘာညာ … ဟာမဆိုးဘူးဗျ တစ်လလား တစ်နှစ်လား … တစ်နှစ်ကိုညီဆိုတာနဲ့ … Hosting လဲဝယ် … ပြီးတော့ အကိုရေ ကျွန်တော်ဗျာ Personal Website လေးလုပ်ချင်တယ်ဆိုတာနဲ့ ဖရီးကိုကိုမောင်နာမည်နဲ့လိုက်အောင် dot me ( .me ) ဆိုသည့် tDLs လေးတစ်ခုတော့ ကျွန်တော် တောင်းဆိုမိလိုက်သည်နှင့် တစ်ပြိုင်ထဲမှာပဲ ကျွန်တော် စဉ်းစားတယ် … အရင်က ငါဟာ အကျင့်မကောင်းတဲ့လူပီပီ လူတွေကို သိတဲ့ အသိနည်းနည်းလေးနဲ့ ဂျင်းထည့်ခဲ့တာများပြီ … ပြန်တွေးမိတိုင်းရှက်သည်နှင့် အရင် Backup များရှိသော်လဲ ပြန်မထည့်ချင်တော့သည်နှင့် ဘာရေးရင်ကောင်းမလဲဆိုသည့် အတွေးကြောင့် ကျွန်တော်ဟာ ကျွန်တော့ကို ထားသွားခဲ့သူ ကျွန်တော့ ချစ်သူကိုပင် သတိမရနိုင်တော့ဘူး … 😀 ဩ ဒါတွေပြောပြတော့မနေချင်ပေ … ပြောလဲ မျက်နှာချင်းဆိုင်ပြောမှ အားရသည်ကို … ဆိုတော့ မပြောတော့တာ လေလှိုင်းထဲမို့မပြောချင်တာလို့ မှတ်လိုက်ပါလေ … 😛 ဆိုပါတော့ … ကျွန်တော်ဟာ ဝက်ဒပလိုပါ ပီပီ ဘိုလိုလဲ မတောက်တခေါင်မှုတ်တတ်သေးတာပေါ့ဗျာ … အဲအဲ မှန်တယ်လို့တော့ မတွေးလေနဲ့ ၄ လုံးရေး ရင် ၁ လုံးက အမြဲကြိုလို့တောင် မှားတတ်ပေသည် … ဒါတွေလဲခဏထား ဘာရေးရမယ်မသိလို့ … မိတ်ဆက်အနေနဲ့ရေးလိုက်တာဆိုတော့ … စဉ်းစားရင်းနဲ့ အတွေးပြန်ပေါ်လာသည်မှာ လူတွေကို ဒုက္ခပေး ဂျင်းထည့်ရင်ကောင်းမလား … အခုလိုပဲ မဟုတ်က ဟုတ်ကတွေကိုပဲ ဆက်လို့သာရေးရမလားဆိုတာကတော့ … ဂျာအေးကို သူ့အမေရိုက်တာလား သူ့အမေက ဂျာအေးကိုရိုက်တာလားဆိုသည့်အတိုင်းပဲဆိုတော့ … အင်း အပေါ်က စာတွေ ဘာတွေမှန်းကိုယ်ကိုတိုင်တောင် ပြန်မဖတ်ချင်ပေမယ့်လဲ အခုအထိအောင်ဖတ်ပေးတဲ့အတွက် … နည်းနည်းလောက်တော့ စဉ်းစားပေအုံးမည် နောက်ထပ်ဘယ်လိုတောင် ပေါချာချာနိုင်ရမလဲဆိုသည့်အရာကို …
အဲ အဲ လူတွေနဲ့လဲ ခက်သားဗျ သူတို့က Facebook ဆိုတာကြီးရှိရင် ဘဝကြီး ပြီးပြည့်စုံတယ်ထင်နေကြလားတောင်မသိ … အရင်လို Website က ဗဟုသုတတွေဆိုတာတောင် ပျက်ကွယ်လုဖြစ်နေပြီ ( Only In Myanmar ) သို့သော်လည်းကောင်းပေါ့နော် … မြန်မာနိုင်ငံမှာပဲ အဲလောက်ကြီး ၁၀၀ ဖိုးကို ၃ ၄ ပုဒ်ရေးနေကြသူခပ်များများလို့ပဲ တွေးထင်မိပါရဲ့ဗျာ … 😀

ဒီလောက်နဲ့ပဲ ခဏနားကြတာပေါ့ဗျာ … 😛

Leave a Reply

Your email address will not be published. Required fields are marked *