ရေးချင်တာရေးနေရတာကို သဘောကျတယ်

ရေးချင်တာကိုရေးရတာ သဘောကျတယ်ဆိုပေမယ့် စောက်တောသားတွေက ဘာတွေရေးရေးတင်မှန်းမသိဘူးလို့ လာလာပြောတာကို ဖြေရှင်းရတာကိုတော့ မုန်းတယ် :3 အဓိက ကတော့ Facebook ပေါ်မှာ ရေးချင်တာရေးနေရတာကိုသဘောကျတာကိုပြောတာပေါ့လေ။ အခန်းထဲမှာ တစ်ယောက်ထဲ တစ်နေကုန် ဖြတ်သန်းနေရတဲ့ဘဝအတွက်ကတော့ Facebook ကို သူငယ်ချင်းလုပ်ပြီး ရေးချင်တာကို ရေးတယ် Comment ပေးချင်တာကိုပေးတယ် ( ဒီကြားထဲ ကိုယ့် Comment Reply မပြန်တာတို့ ဖျက်လိုက်တာတို့ဆို မှတ်ထားတယ် တစ်သက်လုံးသွားပြီး Comment မလုပ်တော့ဘူး :3 ) ဆိုတော့ အခန်းထဲ တစ်ယောက်ထဲနေရတာက သက်သာတယ်လို့ခံစားရတယ်။ သူငယ်ချင်းဆိုသည်မှာလဲ ကိုယ်နဲ့ ပေါင်းလို့သင်းလို့ရတဲ့လူတွေက အနားမှာမရှိကြဘူးဆိုတော့ တစ်နေ့ တစ်နေ့ အရမ်းကိုပျင်းဖို့ကောင်းလွန်းတာဆိုတော့ Facebook ပေါ်မှာ ရေးချင်တာကိုရေးလိုက်တယ် ပြောချင်တာကိုပြောလိုက်တယ်ဆိုတော့ ပျင်းလဲမပျင်းတော့ဘူး ထင်မိသလို အပျင်းပြေသွားတယ်လို့လဲ ထင်တယ် :3 ကိုယ်နဲ့ပေါင်းလို့ရတဲ့ သူငယ်ချင်းဆိုတာကလဲ ကိုယ်အရမ်းဆိုးတာကိုခံနိုင်ရည်ရှိတဲ့လူမျိုး ၁၀ ယောက်မပြည့်ဘူး :3 အကုန်လုံးကလဲ Online ပေါ်မှာ ခင်ကြတာဆိုတော့ကာ … တစ်ယောက်တစ်နေရာမှာမလို့ အလည်သွားရအောင်ကလဲ မသက်သာတဲ့အဖြစ်ဆိုတော့ အခန်းထဲ တစ်ယောက်ထဲဆိုမှ တစ်ယောက်ထဲဘဝမှာ ရေးချင်တာကို ရေးလိုက်ရလို့ စိတ်ထဲပေါ့သွားတယ်ပေါ့လေ။ ကိုယ့်မှာ စကားပြောဖော်သူငယ်ချင်းရယ်လို့မှမရှိတာကို :”D အဲဒီလို ရေးချင်တာရေးတာဖြစ်လို့ အကောင့်ထဲလဲ Friend ကိုအများကြီးမထားဘူး :3 ထားလိုက်ရင်လဲ မှတ်လို့ကောင်းတဲ့ နံပါတ်မျိုးဖြစ်အောင် ချန်ထားတတ်တဲ့အတွက်ကြောင့် Unfried လုပ်သွားတာတို့ Block သွားတာတို့ဆိုရင် မကြိုက်ပြန်ဘူး 😛 ဘယ်လိုမှတ်လို့ကောင်းတာမျိုးလဲဆို … 456 505 666 700 အဲဒီလိုမျိုးတွေပေါ့ 😛 ဆိုတော့ လာလာ Add သမျှ လက်ခံပေးရအောင်လဲ ကိုယ့်အကောင့်က ဒုက္ခသည်စခန်းမဟုတ် စည်ပင်ရဲ့အမှိုက်ပုံဆိုတော့ 😛  ဘာကြောင့်တင်ချင်တာကိုတင်သလဲဆို လူတစ်ယောက်ကို စကားပြောလိုက်ရင် အဆင်ပြေနိုင်မယ့် ကိစ္စလို့ထင်လိုက်မိလို့ပဲ လူတစ်ယောက်ကို မကျေနပ်ရင် စကားပြောချင်ရင် စိတ်ထဲရှိတာကို ပြောချင်ရင် ဖြစ်ဖြစ် ပျင်းနေလို့ပဲဖြစ်ဖြစ်ရေးတတ်တာဆိုတော့ … မျက်စိနောက်လဲခံ မခံနိုင်လဲ အန်သာအန် မအန်ချင်ရင်လဲ Block သာလုပ်လို့ ကိုယ်ကတော့

ရေးချင်တာရေးနေရတာကို သဘောကျတယ် !!!

What if I told you I don't give a shit

Leave a Reply

Your email address will not be published. Required fields are marked *