သည်းခံ

အခုတစ်လောမှာ နားထောင်အဖြစ်ဆုံးသီချင်းကိုပြောပါဆိုရင် Big Bag ရဲ့ “သည်းခံ” ဆိုတဲ့သီချင်းပဲနေမှာ အကြိုက်ဆုံးဆိုလဲ အဲဒီသီချင်းပဲ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြောင်းအရာ တော်တော်များများနဲ့ကလဲတိုက်ဆိုင်သလိုရှိနေတော့ ကြိုက်သွားတာလဲပါမှာပါလေ ကြိုက်တယ်မကြိုက်ဘူးဆိုတာထက်ကို အရာရာကို အရင်ကစိတ်နဲ့ဆိုရင် ပြန်ပြောမိနေပေမယ့် အခုတော့ အတော်လေး စိတ်လဲပျက်နေမိပြီ စိတ်ကုန်နေပြီဆို ပိုမှန်မယ်

မတိုးတက်ခဲ့ဘူး အရင်ကတည်းက အခုအထိ ဘာများ ပြောင်းလဲသွားလဲဆို အရာအရင်အတိုင်းမနေ့ကအတိုင်းပါပဲ ဒီထဲမှာ စိတ်ပျက်ဖို့အကောင်းဆုံးအရာဆိုရင် ကျွန်တော့အတွက်မရှိမဖြစ်လိုအပ်တဲ့

Internet

က အဓိက အကြောင်းအရာလိုပဲဖြစ်နေတော့မှာပဲဗျာ။ မြန်မာနိုင်ငံက တိုးတက်လာတော့ ( Bus ပေါ်ပြောပါတယ် ) နိုင်ငံခြားအလုပ်အကိုင်တွေနဲ့ နိုင်ငံခြားက ဂျင်းထည့်မယ့်ကောင်တွေလဲရောက်လာတာပေါ့ဗျာ။ ရောက်လာတဲ့အထဲအဆိုးဆုံးကတော့ ဒုက္ခအပေးဆုံး သတ္တဝါတွေရောက်လာတယ်ဆို ပိုမှန်မယ်။ ကိုယ်ပေးသော်လည်းပေးတိုင်းပြန်မရမှန် သိထားပြီးသားပါ ဒါပေမယ့် ဒီလောက်ဆိုတဲ့အခြေအနေမှာရှိနေလိမ့်မယ်လို့တော့ သိထားခဲ့တာမှမဟုတ်ပဲလေ ကိုယ်လဲ ကြုံတွေ့လိုက်ရတော့ စိတ်လဲနာသွားတယ် စိတ်လဲကုန်တာပေါ့ဗျာ ဒါပဲ တတ်နိုင်တယ် ကျန်တာကလဲ ဘာမှထူးတာမှမဟုတ်တာကို အရင်ဆုံး MPT ဆိုတဲ့သတ္တဝါက စပြောပါဆိုရင် အခုအချိန်အထိ မလျော့ဘူး အခြားပြောတာလဲမဟုတ်ဘူး ငတ်တာကိုမလျော့တာကိုပြောတာပဲဆိုတော့ သူများနိုင်ငံတွေမှာ ပိုက်ဆံထက်ကို Quality ဘယ်လောက်ကောင်းတယ်မကောင်းဘူးဆိုတာနဲ့ ပြိုင်ကြတယ် မြန်မာနိုင်ငံမှာပဲ သောက်သုံးမကျတဲ့ ငတ်တာနဲ့လာပြိုင်နေကြတော့ ခက်ပေဘူးလား MPT ရဲ့ လိုင်းက ကောင်းတယ် ( သုံးတဲ့လူမရှိလို့ ကောင်းတာ ) ထင်ရပေမယ့် သူ ကောက်တဲ့ Internet Package ဖြစ်ဖြစ် ဘာပဲဝယ်ဝယ် ကုန်သွယ်ခွန်ကို နောက်ထပ် Bill ထဲကဖြတ်တယ် Main Balance ထဲကဖြတ်ရင်လဲရတဲ့ကိစ္စကို ကိုယ့်လို Internet သုံးဖို့အတွက် သီးသန့် SIM Card တွေထားတတ်တဲ့လူတွေအတွက်ကတော့ လက်ကျန်ငွေလဲ အပိုမထားတတ်တော့အတော်လေးကို နစ်နာတာပေါ့ နစ်နာဆိုရင်လဲ Internet သုံးလို့ကုန်သွားတယ်ဆိုရင် နားလိုက်လို့အဆင်ပြေပေမယ့် သူတို့ဘက်က ကုန်သွားကြောင်း SMS မပို့လာခဲ့ရင် လက်ကျန်ငွေက ၃ ထောင်ပဲရှိရှိ ၅ ထောင်ပဲရှိရှိ package ဝယ်ထားတာမဟုတ်လို့ ကောက်ချင်သလို ကုန်ချင်သလို ကုန်သွားတယ် ( သူတို့ကတော့ တစ်မိနစ် ဘယ်လောက်နဲ့ ကောက်တာပါပဲပြောပြော ကိုယ်က ခိုးတယ်ဆိုတာ သိထားတော့ မသိလဲ ခိုးနေတာပဲဆိုတော့ ) နောက်ထပ်ကုန်သွားတာကတော့ စိတ်ပါကုန်သွားတာပေါ့ ဆိုတော့ ဒီလို အငတ်မျိုးနဲ့တော့ အင်တာနက်က ကောင်းနေရင်တောင်မှပဲ သုံးမှာမဟုတ်ဘူး။

အရင်ကတော့ Telenor SIM card ကိုသုံးခဲ့ပေမယ့် ၁ ခါက လက်ကျန်ငွေ ၄ ထောင် လောက်ကုန်သွားလို့ ဖုန်းဆက်ပြောတော့ ဖုန်းဆက်တဲ့ ပိုက်ဆံပါ ကုန်သွားတော့ ဒီလိုကောင်မျိုးကလဲရှောင်သင့်တဲ့သတ္တဝါတစ်ကောင်ဖြစ်လာပြန်တယ်။ ဒါတင်ပဲလားဆိုတော့ ကွန်နက်ရှင်ကလဲမကောင်းတဲ့အပြင် မကောင်းလို့ဖုန်းဆက်ရင် ဆက်လိုက်တဲ့ပိုက်ဆံပါ ထပ်ပြီး ဘုန်းတော်ကြောင့် ဘုန်းလိုက်လို့ ကိုယ့်ဒေါသနဲ့ကိုဆိုတော့ သောက်သုံးမကျတဲ့ ဒီလို ကောင်မျိုးကလဲသုံးဖို့အကြောင်းကံတွေက မပါလာပြန်ဘူး။

အခုလောလောဆည်တော့ ဒီလိုကောင်တွေကိုရှောင်နေရတဲ့အပြင် ပိုက်ဆံပေးရတန်တဲ့ Ooredoo ကို ကြိတ်သုံးနေမိတယ်။ အရင်ကတော့ Ooredoo မသုံးဘူးကွာဆိုပြီး အော်ခဲ့ပေမယ့် သောက်သုံးမကျတဲ့ သတ္တဝါတွေနဲ့သုံးနေရတဲ့ ဘေးကတော့ လွတ်နိုင်ခဲ့ပေမယ့် ဒီ သတ္တဝါကောင်ကလဲ သုံးသာသုံးရတယ် Package တွေကလဲ သူများမပေးနိုင်တာကို ပေးလို့ သုံးရပေမယ့် အင်တာနက်မကောင်းဘူး။ မကောင်းဆိုလဲ လူသုံးအများဆုံးလိုဖြစ်နေတာကို လူသုံးများလို့ ကွန်နက်ရှင်ကောင်းအောင်လုပ်သင့်တယ်ဆိုပေမယ့်လဲ သူတို့ Website တွေမှာကော Facebook Page တွေမှာပါ သောက်သုံးမကျတဲ့ ခွေးခြင်းကိုက်နေတာလိုမျိုးတွေကိုပဲတင်နေတယ် အရင်ကတော့ ကွန်နက်ရှင်မကောင်းလို့ ဖုန်းဆက်ပြီးဆဲရတာ ကိုယ်မောခဲ့ပေမယ့် အခုတော့ လုံးဝမဆဲတော့အောင်ပဲနေလိုက်တော့တယ်။ နေဆို ဖုန်းဆက်ပြီးဆဲရင် လိုင်းကောင်းမယ်ထင်ခဲ့တာကို။ ဘယ်အချိန်ဖုန်းဆက်ဆက် ဘာဖြစ်လို့ပါ ညာဖြစ်လို့ပါဆိုတဲ့ ဘာညာစကားတွေကလွဲရင် ကျန်တာမကြားခဲ့ဘူး မကြားဆိုလဲ သူတို့ ကျက်ထားတဲ့ စာထဲကအတိုင်းပဲ ဘယ်သူဖုန်းဆက်ဖုန်းဆက် ပြန်ပြောနေရတာကို ဆိုတော့ ၊ ။

သည်းခံဆိုတဲ့စကားကို အကြိမ်ကြိမ်ပြောနေရုံကလွဲပြီးတော့ ကျန်တာမျိုးပြောလို့မှ မဖြစ်တော့တာပဲကို ဒီနေရာမှာလူဖြစ်လာတော့ ကိုယ့်ရဲ့ကံပဲပေါ့ဗျာ။

ကိုယ်တွေနေရတဲ့ နေရာက စစ်တပ်တွေရဲ့ အလည်မှာဆိုတော့ ကိုယ့်မှာရှိတဲ့ ADSL လို့ခေါ်တဲ့ ကြိုးဖုန်း စနစ်တွေကိုလဲ စစ်တပ်က သိမ်းထားပြီး ပြန်ခွဲထုတ်ပေးဖို့ပြောပါလို့ ဆက်သွယ်ရေးက စာတိုက်မှူးလိုလိုဘာလိုလိုကောင်ကိုပြောနေပေမယ့် အင်းမဟုတ် အဲမဟုတ် သူနဲ့ပြောရတာလဲ နွားကိုပလာတာကျွေးရသလိုဖြစ်နေတယ်။ ခက်တာကလဲ သူ့ဘက်ကပြန်စဉ်းစားပေးပြန်တော့လဲ သူမှန်သလောက်ရှိတယ်လေ။ ကိုယ်တွေနေရာက တက္ကသိုလ် ၃ ခုရှိတဲ့နေရာဆိုတော့ … တကယ်ဆိုရင်တော့ အင်တာနက်ကလဲ ပိုပြီး ဖွံ့ဖြိုးသင့်တယ်လို့တော့ထင်မိတာပါပဲလေ၊ ဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေပဲရှိကြတော့ Internet ကိုပြောလောက်အောင်သိပ်မသုံးကြသလောက်ကိုရှားတယ် တကယ်ယူရင်တောင် ၄ ယောက် ၅ ယောက်လောက်ပဲရှိမှာဆိုတော့ သူ့အတွက်လဲ ခက်ခဲတယ်ဆိုပေမယ့် စစ်တပ်က သိမ်းသွားတဲ့အတွက် ကုန်ကျစရိတ်ကို စစ်တပ်က ပြန်ပြီးကုန်ကျခံပေးသင့်တာပဲလို့ တစ်နပ်စားဉာဏ်နဲ့စဉ်းစားနေမိပြန်ပါသော်လည်း သူတို့ကတော့ ထုတ်ပေးတယ်ဆိုတာ သမိုင်းမှာလဲ မသင်ခဲ့ရသလို ပထဝိတို့ဘာတို့မှာလဲ သင်ခဲ့ရခြင်းမရှိဆိုတော့ … “ဩ” ဆိုတဲ့ မှင်သက်လေးတစ်ချက်ပဲ တွေဝေရင်းနဲ့ ကိုယ့်ကိုကိုယ်ပဲ အင်တာနက်မသုံးမိအောင်အတော်လေးပဲ ထိန်းထိန်းသိမ်းသိမ်းနေရတော့မှာပေါ့ …

စိတ်ညစ်ရပါလား

< ဒါတွေပဲထင်နေရပေမယ့်အပေါ်က ရေးချင်တာတွေရေးထားတာတွေကလဲ အင်တာနက်အကြောင်းလောက်ပဲရှိသေးတယ် ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ စိတ်ညစ်စရာတွေကတော့ အများကြီးပါပဲလေ အရင်ဆုံးစပြောရမယ်ဆိုရင်တော့ မေတို့အလုပ်က စရမှာပါပဲလေ အလုပ်ဆိုလို့လဲ အလုပ်ကိုလိုက်ပို့ရတဲ့နေ့ရက်တွေရှိနေတော့ လိုက်ပို့ရင်းတစ်နေ့မှာ တွေ့လိုက်ရတာကတော့ “ရုံးရှေ့ ဆိုင်ကယ်မရပ်က တွေ့ရှိက ဒဏ်ငွေ ၅ သောင်း” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ မျဉ်းကြောင်းအနီတွေတားထားတယ်ပေါ့လေ ဝင်လာတဲ့ဆိုင်ကယ်တွေကိုလဲ Security ကကြည့်နေပြီးတော့ တောင်းချင်တဲ့ ပုံစံနဲ့ပဲ ဆိုတော့ ကိုယ်က လိုက်ပို့စရာရှိရင် အပေါက်ဝကချပေးခဲ့ပြီးတော့ ပြန်ခဲ့ရမယ့်ပုံစံပါပဲလေ xD သူ့စဉ်းစားဉာဏ်တွေကိုတော့ ကျွန်တော့ နားကိုမလည်နိုင်သလိုပဲ ရုံးတော်တော်များများမှာလဲ မမြင်ဖူးမတွေ့ဖူးသလောက်ပဲ မမြင်မတွေ့ဆို ကိုယ်လဲ မသွားဖြစ်တာလဲပါမှာပါလေ 🙂

သိပ်မကြာခင်လေးကပဲ ကျွန်တော် မွေးကတည်းက တည်ရှိခဲ့တဲ့ ရေဆင်းဆည်ဆိုတဲ့ လာသမျှ ဧည့်သည်တွေကိုလိုက်ပိုခဲ့တဲ့ ဆည်လေးတစ်ခုကလဲ စစ်တပ်က ငါးလွှတ်ပွဲတွေဘာတွေ လုပ်ပြီးသွားတဲ့နောက်ပိုင်းမှာပဲ ဆည်ပေါ်ကဘယ်သူမှမတက်ရ တက်ချင်ရင် ဟိုး ဆည်အောက်နေပြီးတက်တဲ့ ဆိုင်ကယ်ပျောက်လားရှိသလားကိုတောင် ပြန်ကြည့်လို့နေရာမျိုးမှာပေါ့လေ။ ကိုယ့်သူငယ်ချင်းအသိတစ်ယောက်တောင် ကံစမ်းမဲပေါက်ပြီး သူ့ဆိုင်ကယ်လေးက အမခံလိုက်ရပါသေးတယ်။ ဒီလိုသိမ်းသွားပြီးတော့ ဇမန်းရေလှောင်တမံဆိုပြီးတော့ ဆည်လိုရေလှောင်တမံလိုလေးအသစ်လုပ်ခဲ့တယ်ပေါ့။ တွေ့ရတဲ့ ဆိုင်းဘုတ်တွေကတော့ Keep Your Campus Clean တဲ့ ပတ်ဝန်းကျင်က သာသာယာယာနဲ့ အသိမ်းခံလိုက်ရတဲ့ ဆည်ကြီးနဲ့အစားမထိုးနိုင်ခဲ့ပေမယ့် အဲဒီ ဆိုင်းဘုတ်ကိုတွေ့ခဲ့ရပေမယ့် အမှိုက်ပုံးလေးတစ်ခုတောင် ယောင်လို့မတွေ့ခဲ့မိလိုက်ဘူး သန့်ရှင်းအောင်ထားပါ ဒါပေမယ့် အဲဒီအမှိုက်ကို ဒီမှာလဲ မလွှင့်နဲ့ အဝေးကြီးကို သယ်သွားဆိုသလိုပဲဖြစ်နေပြီ ဒါဟာလဲ ကိုယ်နားမလည်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲရှိနေရင်းနဲ့ပဲ ပြင်နေတုန်းဆိုတော့ ဆည်ကြီးက မြေနီလမ်းခင်းလိုက် မိုးရွာလိုက် ဗွက်လမ်းကြီးဖြစ်သွားလိုက်နဲ့ဆိုတော့ … ဪ ပိုက်ဆံပေါတာပဲ ပြင်ကြပေါ့ဗျာ =D

Leave a Reply

Your email address will not be published. Required fields are marked *