Free SSL with Lets Encrypt

SSL (Secure Sockets Layer) Service တွေအများကြီးရှိတဲ့အထဲကမှ

Free ရတဲ့ Lets Encrypt ရဲ့ SSL အကြောင်းကို Sharing လုပ်ချင်ပါရဲ့ 😀 cPanel မှာ ရသလို Plesk မှာလဲ ရပါတယ် UI တွေ နည်းနည်းလေး ကွာခြားသွားနိုင်တယ်ဆိုပေမယ့် ကိုယ့်မှာရှိတာကိုပဲ Share ပေးလိုက်တယ်ပေါ့လေ :3 မရှိတာကိုသာ Sharing လုပ်ရမယ်ဆိုရင် အတော်လေးကို တိုင်ပွတ်မယ့်အမျိုး။ ဟိုဟာထင်တယ် ဒီဟာထင်တယ် ဆိုတဲ့ ထင်တစ်လုံးနဲ့ လမ်းလျှောက်နေရသလိုဖြစ်နေမှာဆိုတော့ ဟုတ်တာပဲ Share လိုက်ပါတယ် :3
cPanel အတွက်ကိုတော့ ကွကိုယ် ဆက်ပြီး Googling လုပ်လိုက်ပါတော့လေ 😛 ဦးစွာပထမ Plesk Login အရင်ဝင်မယ်ပေါ့လေ … ကျွန်တော်ကတော့ ဝင်ပြီးသွားပြီဆိုတော့ အောက်ကလိုလေးဖြစ်သွားလိမ့်မယ်။ အဲဒီအထဲကမှ Let’s Encrypt ဆိုတာလေးကို သွားလိုက်တယ်ပေါ့လေ။ :3

ပေါ်လာတဲ့အထဲမှာ နှိပ်စရာဆိုလို့ Install ရယ် Cancel ရယ်ပဲပါတာလေ။ ဆိုတော့ Install က လွဲပြီး နှိပ်စရာမရှိဘူးပေါ့ :3

ခဏစောင့်ပေးလိုက်မယ်ဆိုရင်တော့ Panel Index ကို Redirect ပြန်လုပ်ပေးသွားပြီး အောက်ကကောင်လို မြင်ရပါလိမ့်မယ်။

ကဲ ဒီလောက်ဆိုရင်တော့ ကိုယ့်ရဲ့ Website ကိုသွားကြည့်မယ်ဆိုရင် https လေးက အစိမ်းရောင်လေးဖြစ်သွားပါလိမ့်မယ်။ အကယ်လို့ အစိမ်းရောင်မဖြစ်သွားသေးပဲနဲ့ အနီရောင်ဖြစ်နေတယ်ဆိုရင်တော့ Website ကိုသွားပြီး။ Inspect Element ကိုဖွင့် Console မှာ ဘယ် source က http request နဲ့သွားနေတယ်ဆိုတာကိုကြည့်ပြီး request တွေကို ပြင်ပေးမယ်ဆိုရင်တော့ အဆင်ပြေပါပြီဗျာ။ အောက်ကကောင်လေးကတော့ SSL Certificate ကို ကြည့်ကြည့်တာပါ။ Let’s Encrypt ရဲ့ Expire Date က ၃ လတစ်ခါဖြစ်ပေမယ့် ၃ လပြည့်သွားရင် Auto Renewal ပြန်လုပ်သည့်အတွက် ဘာမှ အပိုလုပ်ပေးစရာမလိုတော့ပါဘူး။ SSL ဘာကောင်းလဲတော့ မမေးနဲ့။ URL အစိမ်းရောင်လေးဖြစ်နေတယ်ဆိုတော့ တင့်တယ်သလိုပဲပေါ့လေ။ ဘာပဲလုပ်လုပ်တင့်တယ်ရမယ်ဆိုတဲ့ စကားအရ တင့်တယ်သွားပြီပေါ့လေ ငိငိ 😛

ကဲဒီလောက်နဲ့ပဲကျေနပ်ပါတယ်ပေါ့လေ။ အကယ်၍ အဆင်မပြေဘူးဆိုရင်တော့ Plesk Panel အတွင်းမှာရှိတဲ့ Hosting Settings ကိုသွားပြီး Security မှာ Certificate : Lets Encrypt kiddomonster.me(kiddomonster.me) ကိုရွေးပေးပြီး အပေါ်က နှစ်ခုကို Check လုပ်ပေးလိုက်ပေါ့ဗျာ။ ဒါဆိုရင်အဆင်ပြေပါပြီ။ WordPress အသုံးပြုတဲ့လူတွေအတွက် Dashboard > Settings > General Settings > WordPress Address (URL) : https:// နဲ့အစချီပြီး ပေးလိုက်ပါ။ Site Address (URL) မှာလဲ https:// နဲ့ပေးလိုက်ပြီဆိုရင်တော့ အခက်အခဲမရှိ https ရပြီပေါ့ဗျာ။ အရမ်းကြီးလဲ ခက်တာမဟုတ်ပဲ ssl တစ်ခုကို USD 30 နဲ့အထက်ပေးဝယ်နေရတာတော့ အဆင်မပြေဘူးဆိုတော့။ ဒီလို Free Service လေးနဲ့ပဲ ကျေနပ်ရမှာပေါ့လေ။ 😀 ကိုယ်ဟာ WordPress User တစ်ယောက်ဆိုတော့ WordPress အကြောင်းပဲ ပြောပြတာဖြစ်လို့ ကျန်တာတော့ ကွကိုယ်သာရှာပြီးလုပ်လိုက်ပါလို့ အကြံပြုချင်ပါရဲ့ 😛 :v

Leave a Reply

Your email address will not be published. Required fields are marked *