Captcha ဆိုသည်မှာ

Captcha
ကျွန်တော်တို့ အင်တာနက်မှာ နေ့စဉ်ကြုံတွေ့ရတာတစ်ခုကတော့ CAPTCHA လို့ခေါ်တဲ့ word verification method ပဲဖြစ်ပါတယ်။ အရှည်ကောက်ကတော့ Completely Automated Public Turing test to tell Computers and Humans Apart ဖြစ်ပါတယ်။ ပြောရရင်တော့ user ဟာ ကွန်ပျူတာမဟုတ်ဘဲ လူသားဖြစ်ကြောင်း စစ်ဆေးတဲ့ တစ်ခုတည်းသော challenge-response test ပါပဲ။ လွယ်လွယ်ကူကူ ဥပမာပေးရရင် ကျွန်တော်တို့ Gmail, Yahoo တို့လို email account တွေကို signup လုပ်တဲ့အခါ ကွေးကွေးကောက်ကောက် တခါတလေ မှုန်ဝါးဝါးနဲ့ စာသားလေးတေ၊ ဂဏန်းတွေကို မှန်အောင် ရိုက်ထည့်ပေးရတဲ့ အရာပါပဲ။ ဒါကို အင်တာနက်အသုံးပြုကြတဲ့လူတိုင်း ကြုံဖူးပါလိမ့်မယ်။ ဒါပေမယ့် အချို့သောလူတွေကတော့ ဒါက ဘာလို့ရိုက်ပေးရတာလဲဆိုတာ မသိကြပါဘူး။

CAPTCHA ကိုသုံးရတဲ့ရည်ရွယ်ချက်။

CAPTCHA ကိုအဓိကသုံးတာက automated software (bots) တွေက လူတွေနေရာမှာ အစားဝင်ပြီး Comment ရေးတာမျိုးကို ကာကွယ်ဖို့ သုံးပါတယ်။ ဥပမာ Gmail account လုပ်တော့မယ်ဆို နောက်ဆုံးအဆင့်မှာ CAPTCHA လို့ခေါ်တဲ့ ကွေးကွေးကောက်ကောက် စာလုံးတွေကို ရိုက်ခိုင်းတာမြင်ဖူးပါလိမ့်မယ်။ တကယ်လို့သာ အဲလိုမလုပ်ထားဘူးဆိုရင် မသာမာသူတစ်ယောက်ယောက်က software တွေသုံးပြီး နာရီအနည်းငယ်အတွင်း account ပေါင်း ထောင်ချီပြီး လုပ်သွားနိုင်တယ်လေ။ ဒါဆို google ရဲ့ဆာဗာက မလိုလားအပ်တဲ့ error တွေတက်သွားနိုင်တာပေါ့။ နောက် ကျွန်တော်တို့ online voting လုပ်မယ်ဆိုရင် ဒါတွေက လိုအပ်ပါတယ်။ နို့မို့ ဆော့ဝဲလ်နဲ့ Vote လို့ကတော့ ပြသနာတက်ကုန်မှာပေါ့ဗျာ။ အဓိက ရည်ရွယ်ချက်ကတော့ ကွန်ပျူတာတွေမလုပ်နိုင်မယ့် (လူသားတစ်ယောက်ကသာ လုပ်နိုင်မယ့်) တစ်ခုတည်းသော human verification test တစ်ခုပဲဖြစ်ပါတယ်။ ကွန်ပျူတာတွေအတွက်တော့ ဒါဟာ မဖြစ်နိုင်တဲ့အနေထားပါပဲ။ CAPTCHA တော်တော်များများဟာ ရူးကြောင်ကြောင်ဆန်ပြီး စိတ်ပျက်စရာကောင်းပေမယ့် ဒါက ကျွန်တော်တို့ကို ကာကွယ်ပေးနေတာပါ။ မသာမာသူတွေက malicious attacks နဲ့ ဆာဗာတွေကို ဒေါင်းသွားအောင် လုပ်နိုင်ပါတယ်။ Spam comment တွေလွတ်ပြီး ဆိုဒ်ပိုင်ရှင်တွေကို ဒုက္ခလှလှပေးနိုင်ပါတယ်။
ကျွန်တော်ကိုယ်တွေ့ဗျ။ အရင်က ကျွန်တော့်ဘလော့မှာ Comment ဝင်ရေးရင် အဆင်ပြေပါစေဆိုပြီး အဲဒီ Word Verification option ကိုဖြုတ်ထားပေးတာ Spam comment တွေတက်လာပါလေရော။ တစ်နေ့တစ်နေ့ Comment တွေတက်လာတာ ကြည့်မိပါတယ်။ လဒတွေက အဲဒီအကြောင်းအရာတစ်ခုတည်းကို ပိုစ့်တိုင်းမှာတွေ့ရတယ်။ ဒါနဲ့ ပြန် enable လုပ်ထားလိုက်ရတယ်။ ဒီလောက်ဆိုရင် CAPTCHA ကိုသုံးရတဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားလိမ့်မယ်လို့ မျော်လင့်ပါတယ်။

ဘယ်သူတွေ CAPTCHA ကိုအသုံးပြုတာလဲ?

CAPTCHA ကို ဆိုဒ်ပိုင်ရှင်တွေ၊ online polling system, registration forms တွေမှာအများဆုံး သုံးပါတယ်။ ဥပမာ web-based email ဖြစ်တဲ့ Gmail, Yahoo, Hotmail တို့လိုပေါ့။ CAPTCHA က spam account, spam comment တွေရန်ကနေ ကာကွယ်ပေးနေတာဖြစ်ပါတယ်။

CAPTCHA တည်ဆောက်ပုံ။

CAPTCHA ကို လူသားတွေအတွက် နားလည်လွယ်တဲ့ အမြင်အာရုံ (Visual Data) ကိုအခြေခံပြီးတည်ဆောက်ထားပါတယ်။ အမြင်အာရုံနဲ့ပတ်သက်လာရင် ကွန်ပျူတာတွေက လူသားတွေလောက် အသိဉာဏ်မရှိကြပါဘူး။ CAPTCHA မှာ ပုံတွေက တခါတလေ မှုန်ဝါးဝါး၊ နောက်ခံ Background က မထင်မရှားနဲ့ ကွန်ပျူတာတွေအတွက်တော့ တကယ်ကို ခက်ခဲ့တဲ့အလုပ်တစ်ခုပါပဲ။ မဖြစ်နိုင်တဲ့အနေအထားပါပဲ။ လူသားတစ်ယောက်ကသာလျင် မှန်မှန်ကန်ကန်ရွေးချယ်နိုင်ပါလိမ့်မယ်။ တခါတလေ ကျွန်တော်တို့တောင် မှားပါတယ်။ နောက်ပြီး CAPTCHA ကို Random ပုံစံနဲ့ generate လုပ်ပါတယ်။ ပုံသေ သတ်မှတ်ထားတာမျိုးမဟုတ်တော့ ကွန်ပျူတာအနေနဲ့ မှန်မှန်ရိုက်ဖို့ မဖြစ်နိုင်ပါဘူး။ တချို့ဆိုဒ်တွေမှာဆိုရင် Visual Test ကိုအခြေခံမထားပါဘူး။ ပုံ ၄ ခုမှာ ၃ ခုက အကောင်ပလောင်၊ ၁ ခုကတော့ပန်းပွင့်ပေါ့။ အဲဒီမှာ အကောင်ပလောင် ၃ ခုကို ရွေးခိုင်းတာမျိုးပါ။ ဒီလို test ကိုလူသားတွေအနေနဲ့ အေးဆေးကျော်ဖြတ်နိုင်မှာဖြစ်ပေမယ့် ကွန်ပျူတာတွေအတွက်တော့ ချွေးဒီးဒီးကျရမယ့်ကိန်းပါ။

Breaking the CAPTCHA

CAPTCHA ကိုချိုးဖောက်ဖို့ ကွန်ပျူတာကို အမြင်အာရုံနဲ့ဆိုင်တဲ့ IQ တွေကိုသင်ပေးပြီး လူသားတွေတွေးသလိုမျိုးတွေးသလိုလုပ်ကောင်းလုပ်နိုင်ပါလိမ့်မယ်။ CAPTCHA ပုံတွေကိုမြင်တာနဲ့ လူသားတွေလို ဘာကိုဆိုလိုတာလဲဆိုတာ သိနိုင်တာမျိုးဖြစ်အောင်ပေါ့။ ဒါပေမယ့် CAPTCHA ကိုချိုးဖောက်ဖို့ algorithm တွေမရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ CAPTCHA algorithm ကိုလုပ်တာ အဖွဲ့တွေက individually ဖြစ်လို့ပါ။ တစ်ခုနဲ့တစ်ခု နည်းစနစ်တွေမတူကြတော့ လိုက်လုပ်ဖို့ဆိုတာအရမ်းကို ခက်ခဲမှာဖြစ်ပါတယ်။ ဒီနည်းက အချိန်ပြည့် 100% အလုပ်ဖြစ်မှာမဟုတ်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာအနှံ့က Spammer တွေကိုကာကွယ်ဖို့ လုံလောက်ပါတယ်။

2 thoughts on “Captcha ဆိုသည်မှာ

  1. bot or ” brute force” .. tut ထည့်လိုက်ရင် ပိုရှင်းသွားမယ် .. Good explanation thou..

    1. လာမယ်ဗျ ဒါပေမယ့် နည်းနည်းတော့ ကြာအုံးမယ် 😛 ဘယ်နား copy ကူးရင် ကောင်းမလဲ ရှာနေတုန်း 😛 ဟီးဟီး စတာ

      Thank for Suggestion brother xD

Leave a Reply

Your email address will not be published. Required fields are marked *